ကျိုက်မရော ဇွန် ၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌၂၀၂၄ခု၊ ဇူလိုင်လ ၆ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထ္ထရံအားမာန်ငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသူ၊ အသင်းသားများအားအစုပေါ် အမြတ်၊ စုဆောင်းငွေအပေါ် အတိုးနှင့်စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။
ဦးစွာ ကျိုက် မရောမြို့နယ် အတ္တရံအားမာန်ငွေစု၊ ငွေချေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းသူ၊ အသင်းသားများအား အစုပေါ်အမြတ်နှင့်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော အသင်းသူ၊ အသင်းသားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)