မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဇွန် ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့် (၁) နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်  (၁၃)  သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန  ဒုတိယပြည်နယ်ဦးစီးမှူး  ဦးမျိုးမင်းထွန်းက ရော်ဘာသည် လူတိုင်းနေ့စဥ်အသုံးပြုနေသည့် ပစ္စည်းများတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစေးခြစ်နည်းပညာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် မိမိတို့ စိုက်ကွက်များတွင် အသုံးချနိုင်သလို ရော်ဘာစိုက်တောင်သူများထံသို့ နည်းပညာများ ပြန်လည်ပို့ချပေးနိုင်ကြောင်း မျိုး/ရေမြေအနေအထား ကောင်းမွန်သော်လည်း အစေးခြစ်လုပ်သား ကျွမ်းကျင်မှု မရှိပါက အရည်အသွေးကောင်း မရနိုင်သည့်အပြင် ပျက်စီးမှု အပင်ထိခိုက်မှုများ၍ ရေရှည်တည်တံ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဖြစ်နိုင်မည် မဟုတ်သောကြောင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု နည်းပညာကို သေချာစွာ လေ့လာသင်ယူကြရန် အမှာစကား ပြောကြားသည်ထို့နောက် ရော်ဘာပညာရှင်များက ရော်ဘာကျွမ်းကျင်မှုသင်တန်း စံချိန်စံညွှန်းများ၊ စည်းမျဥ်း၊ စည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ () ဦးမှ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်တို့မှ သင်တန်းသား/သူ (၃၀) ဦးအား စာတွေ့လက်တွေ့ဖြင့် (၁၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)