ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိမည့်ဆိုးကျိုးများ၊ အရေးယူခံရမည့် ပြစ်မှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကာ မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသဆောင်ရွက်ပေးရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာ ဖတ်ရှုကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )