ကျောက်တံခါးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ

ကျောက်တံခါး  ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ  မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားအား ‌ယမန်နေ့က ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့သို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေလင်းဦးက ဂွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိုက်ဝင်းသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ကျောက်တံခါးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသက်နိုင်က ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးကျော်နိုင်ဟိန်းသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး-ဦးဉာဏ်ဝေခန့်က မင်းလှ-စိန်ကန့်လန့်လမ်း၊ လမ်းခြုံရေးတာဝန်ခံ ဗိုလ်ကောင်းဆက်နိုင်သို့လည်းကောင်း၊  မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်မောင်မောင်သို့လည်းကောင်း ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဂွေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၂၆၆)ဦးတို့က ၂ ပေအထက်ရှိသော ပျိုးပင်ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး (၂၀၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ပိတောက်(၂၀၀)ပင် စုစုပေါင်း (၁၀၀၀)ပင်အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)