အုတ်ဖို ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် (၄၀) ကြိမ်မြောက် မြို့နယ်အဆင့် ယဉ်ကျေးမှုစာအောင်ဆုရသူများအား အထူးဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြို့လယ်ဓမ္မာရုံ သာသနာ့ဘိမ္မာန်တော်ကြီးတွင် ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။
ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တိုင်းသံဃ့နာယကဥက္ကဌ ဇောတိကရုံစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တသုမင်္ဂလ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သြဝါဒကထာနာကြားပြီး မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအမူဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် မြို့နယ်ယဉ်ကျေးမှုကော်မတီနာယက ဦးတင်ဝင်းတို့က သာသနာရေးဆိုင်ရာများလျောက်ထားကြသည်။ ဆက်လက်၍ နှစ်စဉ်မပျက် ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခဲ့သော နိဗ္ဗတသင်တန်းကျောင်း (၄) ကျောင်းနှင့် ပျက်ကွက်မှုအနည်းဆုံးကျောင်း (၆)ကျောင်း၊ လက်ရွေးစင်ဘာသာအောင်မြင်သူ (၁၀၆)ဦးနှင့် မြို့နယ်အဆင့် ပ - ဒု - တ ဆုရရှိသူ (၁၈)ဦး၊ လက်ရွေးစင် ပ - ဒု - တ အောင်မြင်ခဲ့သောကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော်ရှိကျောင်း (၄) ကျောင်းတို့ အားသက်ဆိုင်ရာတာဝန်ရှိသူများကအသီးသီးဂုဏ်ပြုဆုများချီးမြှင့်ကြသည်။ထို့နောက် အလှူရှင်များမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္တူများဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သြဝါဒစရိယယဉ်ကျေးမှုစာမေးပွဲကော်မတီအကျိုးတော်ဆောင် မတောင့်တဆရာတော် ဘဒ္ဒန္တကုဏ္ဍလ (ဝိနိယဓရ ၊ သာသနာ့ဓဇ ဓမ္မာစရိယ)မှ နိဂုံးချုပ်သြဝါဒကထာချီးမြှင့်ကာ ရေစက်သွန်းချအမျှဝေခဲ့ကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)