ရွှေတောင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်မျိုးစုံ စိုက်ခင်းစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
သစ်မျိုးစုံစိုက်ခင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများအား ပျိုးပင်များပေးအပ်၍ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်မျိုးစုံ စိုက်ခင်းစိုက်ပျိုးပွဲကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မယားမာန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ ကျွန်း၊ ယမနေ၊ ခရေ၊ ကံ့ကော်၊ မယ်ဇယ်(သစ်မျိုးစုံ) အပင်စုစုပေါင်း (၁၁၈၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)