ကြံခင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ဈေးကွက်အတွင်း ဆေးဝါးရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

ကြံခင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ဒေသနေပြည်သူများ ဆေးဝါးများအား မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး ဈေးကွက်အတွင်း ဆေးဝါးရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ဆေးဆိုင် (၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကြံခင်းမြို့နယ်အတွင်းရှိ ဆေးဝါးရောင်းချသောဆေးဆိုင်(၅)ဆိုင်ရှိပြီး၊ တားမြစ်ဆေးဝါးများ၊သက်တမ်းလွန်ဆေးဝါးများအား  ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိနှင့် လက်ရှိဆေးဝါးဈေးနှုန်းများ  ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မြို့နယ်(ကြံခင်း)