သရက် ဇွန် ၂၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ဘဏ်ထုတ်ရက် များတွင် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းများကို ဇွန်လ(၂၁)ရက် နံနက်(၉)နာရီမှ (၁၁)နာရီထိ ဘဏ်ရှေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင်ကျန်းမာရေး ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသည့် နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ဆီချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အငြိမ်းစားဝန်ထမ်းများအား လစဉ် အပတ်စဉ်တိုင်း ကုသမှု ပေးနေသည့် ဗုဒ္ဓဟူးနေ့များတွင် လာရောက်ကုသကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)