လဟယ်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါ ပိုးလောက်လမ်းတားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

လဟယ်  ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် ခြင်မှတဆင့် ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါ ပိုးလောက်လမ်းတားဆီးကာကွယ်ရေးအနေဖြင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူနေအိမ်နှင့် ဌာနဆိုင်ရာရုံးတို့တွင် အသုံးပြုလျက်ရှိသော ရေကန်နှင့်ရေသိုလှောင်ကန်တို့တွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့မှ စတင်ပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လူနေအိမ်နှင့်ဌာနဆိုင်ရာရုံးရှိ ရေသိုလှောင်ကန်တို့တွင် ရာသီတုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/မများပူးပေါင်းပြီး မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်တို့တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)