လဟယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်‌ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲကျင်းပ

လဟယ် ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄ခုနှစ်၊ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှု တိုက်ဖျက်‌ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရပါသည်။

ရှေးဦးစွာ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်ဟောပြောပါသည်။ ၎င်းနောက် လဟယ်မြို့နယ် မြို့မရဲတပ်ဖွဲ့မှူး ရဲမှူး ရန်အေးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ နံရံကပ်စာစောင်များကို စိတ်၀င်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)