သနပ်ပင်မြို့နယ်၌ စားအုန်းဆီ တစ်ပိဿာ ၆၀၀၀ ကျပ်နှုန်း ဖြင့်ဆက်လက်ရောင်းချပေးလျက်ရှိ

သနပ်ပင် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မဈေး၌ ယနေ့နံနက် ၈ နာရီအချိန်က စားအုန်းဆီများဆက်လက်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ စားအုန်းဆီမှာ မြန်မာဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင် ဆီကုန်သည်များအသင်းမှ စားအုန်းဆီတစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းနှင့်ဆီပိဿာ ၁၂၀ ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသေးသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများပါ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)