သဲကုန်းမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း.  ဇွန် ၂၁

ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့ (၁) နာရီခွဲက အခြေခံပညာအထက် တန်းကျောင်း (သဲကုန်း) သာဓုခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းလွင်က ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်များမှ ရာသီဥတုပြောင်းလဲမှုလျော့ချခြင်း အကြောင်းအရာများ၊ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ အ.ထ.က (သဲကုန်း) ကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)