ကျိုက်လတ်၌ ပင်စင်လစာငွေများ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေး

ကျိုက်လတ် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းကစတင်၍ ပင်စင်လစာငွေများအား ပင်စင်အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် လာရောက်ထုတ်ယူသည့် ပင်စင်စားများအတွက် အချိန်တိုအတွင်းထုတ်ယူနိုင်ရန်အတွက် ဘဏ်ရှိတာဝန်ခံများနှင့်ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူရန် အခက်အခဲရှိသူများအတွက် ကိုယ်စားလှယ်များမှတစ်ဆင့်အွန်လိုင်းဖြင့် ချိတ်ဆက်ဆောင်ရွက်စေကာ ပင်စင်ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်လတ်၌ ပင်စင်လစာငွေများထုတ်ယူနိုင်ရေးကို လစဉ် ၂၁ ရက်နေ့မှစ၍ လကုန်အထိ ဘဏ်လုပ်ငန်းချိန်များအတိုင်း ထုတ်ယူနိုင်ပြီး လာရောက်ထုတ်ယူသူများ အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက် ရှိသည်။

လှိုင်မင်းအောင်