မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မောက်မယ် ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲနှင့် မြို့နယ်ရုံး ဝန်ထမ်းများက “သတင်းစကား” လက်ကမ်းစာစောင်များကို ပြည်သူများနှင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက ဖြန့်ဝေခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သောအန္တရာယ် လက္ခဏာများနှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုဟောပြောခဲ့ပြီး ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပွားနိုင်၊ ရှောင်လေဝေးဝေးမူးယစ်ဆေးကဗျာ၊ ကာတွန်းစသည့်အချက်များပါဝင်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)