ကျွန်းလှ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် သီးနှံမျိုးစုံ ဧက ၇၀၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၅၃ ဧက၊ ဆီထွက်သီးနှံ ၇၃၁၄ ဧက၊ အခြားသီးနှံ ၁၆၉၄၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီးနှံမျိုးစုံ စိုက်ပျိုးမည့် တောငိသူများအား မြို့နယ်စိုကိပျိုးရေးဦးစီးဌာနက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပိုးမွှားကျရောက်မှုကြိုတင်ကာကွယ်ရေး၊ မလိုအပ်ဘဲ ပိုးသတ်ဆေး မသုံးစွဲရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိရေးနှင့် စိုက်ပျိုးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် တောင်သူများ မိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မိုးရေးနှင့် ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ လယ်ယာမြေပြုပြင် ထွန်ယက်ခြင်းများ ဆောင်ရွက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)