ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိ

ပန်းတောင်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီအချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လုပ်သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ လျော့ပေါ့ပင်စင်၊ ဆေးပင်စင်စသည်တို့ကို လစဥ်ပင်စင်ထုတ်ရက်ကို ပုံမှန် ၂၁ ရက်မှ လကုန်ရက်ထိ သတ်မှတ်ကာဘဏ်ဖွင့်ချိန် နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ စနစ်တကျထုတ်ပေးလျက်ရှိရာ အသက်အရွယ်ကြီးသူ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအရ အနားယူအပန်းဖြေနိုင်စေရန် ဘဏ်အနီးရှိနားနေခန်းတွင် စနစ်တကျထားရှိပေးပြီး လိုအပ်သည့် အထောက်အထားများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)