ရန်ကုန် ဇွန် ၂၁
ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄)ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသတ်မှတ်နေရာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် လှည်းကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းတန်း(PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄) ကြိုဆိုပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားနှင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
၎င်းနောက် လှည်းကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက လှည်းကူးပညာရေးဒီဂရီကောလိပ် "ကျောင်းသီချင်း၊ ဆရာ့ဂုဏ်ရည်သီချင်းနှင့် ကျောင်းသူတစ်ဦးက တပင်တိုင်အကနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက “သွေးရင်းများပီပီ” သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှည်းကူးပညာရေးဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် သင်တန်းအတွက်ထောက်ပံ့ငွေများ၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အားကစားပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၈)မြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၁၈၉)ဦး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၈)ဦး စုစုပေါင်း (၁၉၇)ဦးတို့အား ဇွန်လ ၃ ရက်မှ ဩဂုတ်လ ၃ ရက်အထိ နှစ်လတာသင်ယူပြီး ဩဂုတ်လမှ အောက်တိုဘာလအအတွင်း လက်တွေ့တန်းပြလေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)