ခိုလမ် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မှုမပြုရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာရှိ အောင်ချမ်းသာဓမ္မဗိမာန်ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခိုလမ်မြို့တောအုပ်ဦးထွန်းဦးမှ ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မှုမပြုရေး၊ ရာသီဥတုအပူရှိန်မြင့်တက်လာမှုကို လျော့နည်းစေရန် ပြည်သူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးကြရန်နှင့် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို ပြည်သူများထဲသို့ အခမဲ့ဖြန့်ဝေပေးနေကြောင်း စသည့် အသိပညာပေးအကြောင်းအရာများကို သိရှိလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခိုလမ် (ပြန်/ဆက်)