သံဖြူဇရပ် ဇွန် ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်က အခြေခံပညာမူလတန်း(အောင်ချမ်းသာ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ညိုမီရွှေထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဇင်ပွင့်ဖြူတို့က မိုးကြိုကာလတွင်ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးတို့နှင့်စပ်လျဥ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)