မိုင်းနောင် ဇွန် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊မိုင်းနောင်မြို့ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ(၈)ရပ် စာစောင် ဖြင့်စာဖတ် ဝိုင်း ကို ယနေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်လဲ့လဲ့ရီက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းကာ အမျိုးသမီးရေးရာအဖွဲ့၀င်ဒေါ်နန်းကြည်နုနှင့် ဒေါ်စုစုတင်တို့က အမျိုးသမီးများနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီးများအားအကြမ်းဖက်ခြင်းမှကာကွယ်ရေး၊ အမျိုးသမီးငယ်များဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ ပြန်ကြားဆက်သွယ်ရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မိုင်းနောင်မြို့အမျိုးသမီးရေးရာဥက္ကဌ ဒေါ်လဲ့လဲ့ရီနှင့် အမျိုးသမီးရေးရာအဖွဲ့၀င်များ (၇) ဦးတို့က မိမိတို့ဒေသရှိအမျိုးသမီးများအားလုံး၏ ဘ၀ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မနန်း (မိုင်းနောင်)