မောက်မယ် ဇွန် ၂၁
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်စနေနေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့မှ မိုးစပါးနှင့်ပြောင်းစိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများအား ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်၂ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မိုးစပါးနှင့်ပြောင်း စိုက်ပျိုးသော အခြေခံသမဝါယမ အသင်းတောင်သူများအား ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သော ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး၊ အသင်းစုဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများတို့က မိုးစပါးနှင့်ပြောင်း စိုက်ပျိုးသောအခြေခံသမဝါယမအသင်းတောင်သူများထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်