ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပုဇွန်တောင် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူး ဒေါ်သီရိဆွေက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်သီရိခိုင်မှ စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစိမ်စိမ့်သင်းမှ ကူးစက်ရောဂါအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမင်းဇော်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူး ဒေါ်သီရိဆွေက အားကစားပစ္စည်းများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား  ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။

ဟန်စုယဉ်