ဒဂုံမြောက် ဇွန် ၂၀
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ပိုင်မူကြိုကျောင်းတွင် ကျောင်းသား/ ကျောင်းသူလေးများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မူကြိုကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ စိမ်း၊ ဝါ၊ နီ အုပ်စုခွဲ၍ ကျန်းမာရေးမှတ်တမ်းများပြုစု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးများအား ငှက်ပျောသီးအာဟာရကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
မြင့်မြင့်ရီ