ဘီးလင်းမြို့နယ်တွင် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဘီးလင်း ဇွန် ၂၁

မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကန်သာယာ (၈) ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းထွန်းအောင်၏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူး ဝန်ထမ်းများက သက်ဆိုင်ရာ ကန်သာယာရပ်ကွက်အတွင်းရှိ အသက် (၁၁) နှစ်/အသက် (၁၈) နှစ်အထက် ကိုင်ဆောင်ဘက်မှတ် မရှိသေးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ရာ ယမန်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၃) ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၅) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)