စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်လှူဒါန်း

မန္တလေး ဇွန် ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၄၇)၊ ၇၇ လမ်း၊ ၁၁ လမ်းထောင့်ရှိ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်စီမံအုပ် ချပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်လင်းဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စပယ်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း(ခေတ္တ) ဥက္ကဋ္ဌ ဦးမော်စန်း (မြောက်ပြင်တော်က ကိုရွှေမော်)၊ အတွင်းရေးမှူး စာရေးဆရာ ဦးမြဝေ (ယောမင်းကြီး)နှင့် မြို့နယ်စာရေးဆ ရာအသင်းဝင်များ၊ စိန်ကမ္ကာအလင်း ရောင်စာကြည်တိုက်နာယက ဦးခင်မောင်ကြီး၊ ဥက္ကဋ္ဌ ဦးမြင့်သိန်း(ပညာရေး)နှင့် အဖွဲ့ဝင်များ၊ နန်းတော်ရှေ့စာပေတင်းတုပ်မှ စာရေးဆရာ/ဆရာမများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်လင်းဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကိုလည်းကောင်း၊ ဦးအေးမောင်+ဒေါ်နီနီ "စိန်စပယ်ဖူး စိန်တိုက်" မိသားစုမှ အလှူငွေ ၃ သိန်းကျပ်နှင့် ပန်ကာ ၁ လုံးကိုလည်းကောင်း၊ နန်းတော်ရှေ့စာပေတင်းတုပ်မှ ဆရာ/ဆရာမများက စာအုပ်စာစောင်များကိုလည်းကောင်း၊ စာရေးဆရာအိုးဝေ (မြေနီကျင်း)က ပန်းချီဓာတ်ပုံများကိုလည်းကောင်း၊ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးမြင့်သိန်း (ပ ညာရေး)က အလှူငွေ ၁ သိန်းကျပ်ကိုလည်းကောင်း၊ ဒေါ်တိုးတိုး(စျေးချို)က အလှူငွေ ၁ သိန်းကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ စိန်ကမ္ဘာအလင်းရောင် စာကြည့်တိုက်နာယက ဦးခင်မောင်ကြီးက လက်ခံရယူခဲ့ပြီး၊ အလှူရှင် ဒေါ်နီနီနှင့် နာယက ဦးခင်မောင်ကြီးတို့က ကျေးဇူးတင်စကားနှင့် မုဒိတာစကား ပြောကြားကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)