မြန်အောင် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို အင်ပင်မြို့၊ ထူကျေးရွာအုပ်စု အ.လ.က(ခွဲ) ထူကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးရှောင်ရှားမည့်အချက် များ၊ လိုက်နာရမည့်အချက်များကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ကုန်ထုတ်ညွှန်းအမှတ်အသား ပါဝင်သော မုန့်နှင့်အစားအသောက်များ ရွေးချယ်စားသုံးတတ်စေရန်၊ ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်းအားဖြင့် ရရှိနိုင်မည့်ဆိုးကျိုးများကို ရှင်းလင်းဟောပြောခဲ့ပြီး အ.လ.က(ခွဲ)ထူကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးက ကျေးဇူး တင်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်ပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)