ပြည်မြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၀

ပြည်မြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးလုပ်ငန်းများကို ပြည်ခရိုင်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆောင်ရွက်ရာတွင် ပြည်ခရိုင်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် အကြီးတန်းစာရေး ဒေါ်ဇင်မာမြင့်တို့က အဆိုပါကျောင်းမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၀ ဦးအား "ရေဘေး၊‌ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် မီးဘေး အန္တရာယ်ဆိုင်ရာ"  လိုက်နာဆောင်ရွက်သင့်သည့်အချက်များအကြောင်းကို အသိပညာပေး ဟောပြောကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သဘာဝဘေးကာကွယ်‌ရေးလက်တွေ့ သရုပ်ပြ‌ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများအတွက် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ကျောင်းသုံးစာရေးကိရိယာဘောပင် များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)