ကသာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများကို စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများကို ကလေးများကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် ကသာခရိုင် လူမှူဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး အပြန်အလှန်မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား/ ကျောင်းသူများနှင့် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများကို ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဗလာစာအုပ်နှင့်ဘောပင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ( ကသာ )