ကသာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တား ဆီးကာကွယ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က အမှာစကား ပြောကြားရာတွင် ကသာခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ ရှာဖွေ/ဖမ်းဆီးဖော်ထုတ်မှုများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်စေလိုကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်က ဖမ်းဆီးရမိသော ဘိန်း၊ဆေးခြောက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို မီးရှို့ဖျက်စီးမည့် အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့က (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်မည့် အစီအစဉ်များအားလည်းကောင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)