နန်းယွန်း ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့်တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက ကျောင်းသား/သူများအား ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းတိုက်ဖျက် ဆောင်ရွက်ကြရေးစသည်တို့ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ၂၀၂၄ခုနှစ်၊ ဇွန်(၂၆)ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်(၂)ဖွဲ့ခွဲ ဆောင်ရွက်ကာ အလယ်တန်းအဆင့်ကို (မူးယစ်မမြင်တို့ရှောင်ကျဉ်)ခေါင်းစဉ်ဖြင့် နံနက် ၁၀ နာရီအချိန်က ကျောင်းသား/သူ(၂၆)ဦးတို့ကိုလည်းကောင်း၊ အထက်တန်းအဆင့်ကို (မူးယစ်ကဆိုးဒုက္ခတိုး) ခေါင်းစဉ်ဖြင့် မွန်းလွဲ ၁ နာရီအချိန် ကျောင်းသား/သူ(၄၂)ဦးတို့ကိုလည်းကောင်း နှစ်ကြိမ်ခွဲ ယှဉ်ပြိုင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ရဲမှူး ခင်မောင်ထွေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်ဦးနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးရှေးကမ်းနှင့် အမှတ်ပေးဒိုင်လူ ဆရာ/မများ တက်ရောက်အားပေးကြည့်ရှုကာ အထက်တန်း၊ အလယ်တန်းအဆင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ ကျောင်းသား/သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)