မြို့သစ် ဇွန် ၂ဝ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည်(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community center)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ၊ ဒေါ်ဝင်းအိဇွန်က လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောဆွေးနွေသည်။
ထို့နောက် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက ဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေးဆောင်ရွက်ကြရာ အ.ထ.က (၁) G-11 မှ" မထက်သီတာဝင်းက (လူငယ်နှင့်စာဖတ်ခြင်း) ၊မနှင်းဆုဝေမှ (လူငယ်နှင့်စီးပွားရေး)၊ မအေးနန္ဒာက(လူငယ်နှင့်ကျန်းမာရေး)၊ မောင်အောင်နိုင်စိုးက (လူငယ်နှင့်ဝါသနာ)၊ မောင်သီဟဇော်က (လူငယ်နှင့်လောဘ)၊ မောင်ဟန်ဇော်မှ (လူငယ်နှင့်ပညာရေး) စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့အ.ထ.က(၁)ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၇၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)