ကျိုင်းတောင်းမြို့တွင် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းဖြင့် သင်တန်းပို့ချ သင်ကြား

ကျိုင်းတောင်း ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းဖြင့် သင်တန်းပို့ချသင်ကြားခဲ့ကြောင်း သိရပါသည်။

အဆိုပါ ငှက်ဖျားရေားဂါကာကွယ်ရေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုင်းတောင်းမြို့ ထွေအုပ်ရုံးဝန်း မြို့တော်ခန်းမ၌ ကြက်ခြေနီအသင်းမှ ဆရာမဒေါ်ခင်ဆွေဉီးက သင်ခန်းစားများပို့ချသင်ကြားပေးပြီး ကျိုင်းတောင်းမြို့ရှိ ကျေရွာများမှ သင်တန်းသူ(၄)ဉီး သင်ကြားတက်ရောက်ခဲ့ကြောင်း သိရပါသည်။ သင်တန်းတွင် ငှက်ဖျားရောဂါနှင့်ပက်သက်သောအကြောင်းအရာများကို အကျယ်တဝန်းရှင်းလင်းသင်ကြာပေးခဲ့ပြီး ငှက်ဖျားရောဂါဆန်းစစ်နည်း၊ ကုသနည်းနှင့်ကြိုတင်ကာကွယ်နည်းရှောင်ရန်/ ဆောင်ရန်များအား လက်တွေ့သင်ကြား ပြသပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသားအချင်းချင်း လက်တွေ့သွေးဖောက်​စစ်ဆေးခြင်းနှင့် လက်တွေ့ကျန်းမာရေးကုသနည်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် သင်တန်းသားများအား ​သင်တန်းပို့ချသူ ဆရာမကမိမိရပ်ရွာကျန်းမာရေးကို စောင့်ရှောင်ပေးရန်နှင့်ရပ်ရွာအတွင်း ငှက်ဖျားရေားဂါကာကွယ်ရေးတို့တွင် ပူပေါင်းပါဝင်ပေးရန်ပြောကြားပြီး သင်တန်းကိုအောင်မြင်စွာ သင်ကြားပို့ချပေးခဲ့ပါသည်။

ကိုကို(ပြန်/ဆက်)