ကွမ်းခြံကုန်း ဇွန်၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီအမျိုးမျိုးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ဈေးတာဝန်ခံရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးဆီအမျိုးမျိုးရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ(Blended oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့် ၂/၂၀၂၄ တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာဆွေးနွေးပွဲတွင် စားသုံးဆီအမျိုးမျိုးရောင်းချသော လက်လီဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင် (၃၃)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)