ဟင်္သာတတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဘာသာရပ်အလိုက်ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ဟင်္သာတ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

 အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီနာယက ဒုတိယပါမောက္ခချုပ်ဒေါက်တာရီရီသန်း၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ်ဒေါက်တာအေးလွင်၊ သင်တန်းရေးရာဌာနမှဌာနမှူးဒေါ်ခင်ခင်အေး၊ စီမံ/ဘဏ္ဍာရေးရာဌာနမှဌာနမှူးဒေါ်သီရိကြူ၊ သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ မြို့နယ်ကြက်တောင်ရိုက်ဆပ်ကော်မတီမှဒိုင်များ၊ မြို့နယ်ဘတ်စကက်ဘောဆပ်ကော်မတီမှဒိုင်များ၊ အားကစားဌာနမှ အားကစားအရာရှိနှင့်ဝန်ထမ်းများ၊ အားကစားတာဝန်ခံဆရာ/မများနှင့် ဘာသာရပ်အသီးသီးမှကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း (၁၆)သင်းမှ အသင်းသား/သူများ စုစုပေါင်း အင်အား(၂၅ဝ)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက စစ်ကြောင်းမှူးဦးဆောင်၍ ကွင်းအတွင်းနေရာယူခြင်း၊ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာအေးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် အားကစားသမားများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဟင်္သာတတက္ကသိုလ် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား (၁၉.၆.၂၀၂၄) ရက်နေ့မှ (၅.၇.၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဟင်္သာတတက္ကသိုလ် ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဟင်္သာတတက္ကသိုလ်မှ လက်ရွေးစင်အားကစားသမားများအား တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများဖြစ်သော ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ပြိုင်ပွဲများနှင့်ဇုန်အဆင့်ပြိုင်ပွဲများဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် လက်ရွေးစင်ရွေးချယ်ပွဲများ ထပ်မံပြုလုပ်၍ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)