ငပုတော ဇွန် ၁၈
၂၀၂၄ ခုနှစ်၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် အသက် (၂၃) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့၊ ပမ္မဝတီအားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။
ဗိုလ်လုပွဲတွင် ကန်ကြီးထောင့်မြို့နယ် ဘောလုံးအသင်းနှင့် ငပုတောမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကန်ကြီးထောင့်မြို့နယ် ဘောလုံးအသင်းက ငပုတောမြို့နယ် ဘောလုံးအသင်းအား အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဒုတိယဆုရှိသော ငပုတောမြို့နယ်အသင်းအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုများကို ခရိုင်အတွင်းရေးမှူး ဒုတိယရဲမှူးကြီး တင်ထွန်းအောင်ကလည်းကောင်း၊ ပထမဆုရရှိသော ကန်ကြီးထောင့်မြို့နယ်အား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို ခရိုင်အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်ကလည်းကောင်း ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းကစားသမား အကောင်းဆုကို ခရိုင်စီမံအဖွဲ့ဝင် (၃) ကလည်ကောင်း၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကိုခရိုင်အဖွဲ့ဝင် (၂) ကလည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိသည့် ကန်ကြီးထောင့်မြို့နယ် ဘောလုံးဘောလုံးအသင်းအား ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌက တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)