မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရန်ကုန်ဘဆွေရေးသားသော"သေသော်မှ တည့် သြော် ကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ခေတ်သည်နှစ်အချိန်ကြာညောင်းသည်နှင့်အမျှ တိုးတက်ရ၏။ မျက်မြင်ဖြစ်တယ်ငြင်းခုံလို့မရဘူး။ လူသားတို့သည် နှစ်အချိန်ကြာညောင်းသည်နှင့်အမျှ 'စား၊ဝတ်၊နေ၊ရေး' အမှုတို့၌ ခေတ်နှင့်အတူတိုးတက်ရ၏။ ၄င်းအဆိုပြုချက်သည် ခေတ်တစ်ခုလုံးကို လွမ်းခြုံ၍ဆိုကဟုတ်၏။ ထိုသို့မဆိုဘဲ အကြောင်းဖြစ်ရပ်တစ်ခုစီတိုင်း ဘာမဆိုကြာလေတိုးတက်လေဖြစ်ရမည်ဟု ယုံကြည်လျှင် မှား၏။ ခေတ်တစ်ခုတစ်ခု၌ အရေအတွက်များလှသောအကြောင်း ဖြစ်ရပ်တွေတိုင်း တိုးတက်မှုရှိသည် မှန်၏။ သို့သော် အချို့သောအကြောင်းခြင်းရာတစ်ခုနှစ်ခုတို့သည် ခေတ်နှင့်အတူ အသုံးမဝင်တော့ပြီဖြစ်သောကြောင့်လည်းကောင်း၊ အရေးတကြီး မလိုအပ်တော့ပြီဖြစ်သောကြောင့်လည်း​ကောင်း ပျောက်ဆုံးကျန်ရစ်ခဲ့တတ်၏။ ထိုပျောက်ဆုံးမှုသည် ခေတ်တစ်ခုလုံးနှင့်ခြုံ၍ ကြည့်သော်တိုးတက်သည်ဆိုခြင်းကို မည်သို့မျှမထိခိုက်နိုင်သော်လည်း အကြောင်းဖြစ်ရပ်တစ်ခုချင်းအနေနှင့် တွေးလျှင် နှမြောဝမ်းနည်းဖွယ်ကောင်းကြောင်း​ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက စာအုပ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)