ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံသီးနှံ (၈)ဧက အောင်မြင်စွာ စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကြံသီးနှံ ၈ ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရည်ရွယ်ပြီး ကြံသီးနှံကို ဧက စိုက်ပျိုးသွားရန် လျာထားရှိပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရေးအတွက် မေလ ဒုတိယပတ်ကစပြီး စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့ အထိ ကြံစိုက်ဧက ၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ကြံသီးနှံ (၈)ဧက စိုက်ပျိုးရန် လျာထားပါတယ်။ ဒေသခံတောင်သူတွေက သတ်မှတ်လျာထားဧက ပြည့်မီ စေဖို့ မြေအောက်ရေနဲ့ မေလ ဒုတိယပတ်ကစပြီး စိုက်ပျိုးခဲ့ကြလို့ ယခုဆိုရင် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ကြံသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေကို အောင်မြင်ဖြစ်ထွန်းစေဖို့အတွက် စိုက်နည်းစနစ်မှန်ကန်စေရေး၊ လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေးစတဲ့ တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

အဆိုပါ ကြံသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် အခြားသီးနှံများထက် စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဈေးကွက် ကောင်းမွန်သဖြင့် ဒေသခံတောင်သူများက နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံသီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ ကြံသီးနှံစိုက်ပျိုးရာ၌ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများကို အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် လိုအပ်သည့် စိုက်ပျိုး ရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)