မာန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပ

မာန်အောင် ဇွန် ၁၅

ရခိုင်ပြည်နယ်၊  မာန်အောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၅) ဦးက မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ ကင်းစင်မှတိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံး လူညွန့်တုံးစည်းလုံး တိုက်ပစ်ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့၊ မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့၊ ခွဲခြားနှိမ့်ချကင်းစင်ဝေး ကာကွယ်ရေးကိုအလေးပေး လူသားအားလုံးကျန်းမာရေး  စသည့်ခေါင်းစဉ်များထဲမှ မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ကို ရွေးချယ်၍ ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်း၊ အတွင်းရေးမှူး ရဲမှူးအောင်သန်းဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။     

သိန်းဖေ(ပြန်/ဆက်)