ချမ်းအေးသာစံ ဇွန် ၁၃
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များရရှိစေနိုင်ရန်ဆောင်ရွက်မည့် အရေးကြီးလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး မြစိုက်ပိုစတာစိုက်ထူခြင်းကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၇၃ လမ်းထောင့် လူစည်းကားရာနေရာတွင် ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲတွင် ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး အေးလင်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းတို့က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ဖြန်းပတ်ကြသည်။
ထို့နောက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေး လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့်အတူ လမ်းသွားလမ်းလာပြည်သူများအား ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအား အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)