၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ (၁၀) ဦး စာရင်းတွင် ကျုံပျော်မြို့နယ်မှ (၂) ဦးပါဝင်

ကျုံပျော် ‌ဇွန် ၁၁

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၆၄.၄၉) ရာနှုန်း အောင်မြင်ခဲ့ပြီး၊ ဘာသာတွဲ အသီးသီးမှ အမှတ်အများဆုံး ရရှိသူ (၁၀) ဦး စာရင်းတွင် ကျုံပျော်မြို့နယ်မှ (၂) ဦးပါဝင် ရရှိခဲ့ကြောင်း သိရသည်။

ဝိပ္ပံတွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ (၁၀) ဦးတွင် အ.ထ.က (၁) ကျုံပျော်မှ အကပ - ၃၀၉ မောင်ထွဋ်ခန့်ဇော်က ရမှတ်ပေါင်း (၄၉၉) မှတ်ဖြင့် စတုတ္ထနေရာကို ရရှိပြီး၊ ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ (၁၀) ဦးတွင်  အ.ထ.က (အင်းရဲ) မှ အကပ - ၈၉၈ မစမ်းမေသူက ရမှတ်ပေါင်း (၄၈၈) မှတ်ဖြင့် အဋ္ဌမ နေရာကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၀) ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ၊ ကျောင်းသား၊ ကျောင်းသူ (၆၄၂) ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး၊ (၄၁၄) ဦး အောင်မြင်ကာ၊ (၆) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၁၀)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၆၈) ဦး ၊ စုစုပေါင်း ဂုဏ်ထူးရှင် (၁၂၄) ဦး ထွက်ပေါ်ပြီး၊ ဘာသာရပ်အလိုက် ဂုဏ်ထူး ရရှိသူ မြန်မာစာ (၈) ဦး၊ အင်္ဂလိပ်စာ (၅) ဦး၊ သင်္ချာ (၂၁) ဦး၊ ဓာတုဗေဒ (၂၇) ဦး၊ ရူပဗေဒ (၁၄) ဦး၊ ဇီဝဗေဒ၊ (၂၅) ဦး၊ ပထဝီ (၅၄) ဦး၊ သမိုင်း (၄၄) ဦး၊ ဘောဂဗေဒ (၂၁) ဦးရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)