တပ်ကုန်း ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ခုနှစ် မိုးသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ဖူးစားပြောင်းစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြောင်း၊ ဖူးစားပြောင်းကို ၁၃၆၄ ဧက လျာထားစိုက်ပျိုး၍ ၂၅၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ဖူးစားပြောင်းရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေးမျှော်လင့်ကြောင်း ဖူးစားပြောင်း စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်