မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မောက်မယ် ဇွန် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၄−၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ယမန်နေ့က စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ းပျော်ရွှင်စွာ ပညာသင်ကြားနေကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁) ကျောင်း၊ မူလတန်းကျောင်း (၄၀) ကျောင်း၊ မူလတန်းကျောင်းခွဲ (၂) ကျောင်း စုစုပေါင်း (၆၀) ကျောင်းရှိရာ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်ကို KGနှင့် Grade-1 မှ Grade-12 သင်ရိုးသစ်အထိ ကျောင်းသား/ ကျောင်းသူများ (၃၅၉၆) ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)