လေးမျက်နှာ ဖေဖော်ဝါရီ ၂၄
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန (၆) ခု၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်ဖြေဆိုရာတွင် အ.ထ.က- လေးမျက်နှာ စာစစ်ဌာန၌ (၃၅၉) ဦး၊ အ.ထ.က-အိုင်သပြု စာစစ်ဌာန၌ (၆၇၇) ဦး၊ အ.ထ.က-ခမောပ်စု စာစစ်ဌာန၌ (၁၉၉) ဦး၊ အ.ထ.က-လှော်ကထား စာစစ် ဌာန၌ (၄၅၃) ဦး၊ အ.ထ.က-ပန်းတောကြီး စာစစ်ဌာန၌ (၂၇၃) ဦးနှင့် အ.ထ.က-မဲဇလီ စာစစ်ဌာန၌ (၁၈၈) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ရွှေမိုး(ပြန်/ဆက်)