ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး

ခိုလမ် မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့် ဝန်ထမ်းများမှ မေလ (၂၁) ရက်မှ (၃၁) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီထိ အငြိမ်းစားဝန်ထမ်း (၁၀၀) ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)