မောက်မယ်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးသင်တန်း ကျင်းပ

မောက်မယ် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းနှင့်ပတ်သက်၍ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ “မောက်မယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ မောက်မယ်မြို့နယ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏လူမှုစီးပွားဘဝများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါ ကြောင်း” စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ တက်ရောက်လာကြသော စာရေးဝန်ထမ်းများက မြို့နယ်အတွင်းဆောင် ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)