မယ်စဲ့ နိုဝင်ဘာ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ မဲရုံဖွင့်ချိန်မှစတင်ပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေး လျက် ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆရှင်ပြည်သူများ စိတ်အေးချမ်းသာစွာနှင့် လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဆောင်ရွက်ပေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက ဆန္ဒမဲလက်မှတ်များ စနစ်တကျထုတ်ပေးပြီး မဲပေးသူပြည်သူများ စိတ်အနှောက်အယှက် မဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
မယ်စဲ့မြို့နယ်တွင် မဲရုံ(၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၇၅ ဦး ရှိကာ ပါတီပေါင်း(၇)ပါတီ လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ တစ်သီးပုဂ္ဂလ ၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)