ရွာသစ်မြို့တွင် တိုင်းရင်းသားပြည်သူများ ဆန္ဒမဲပေး

ရွာသစ် နို၀င်ဘာ  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲကို နို၀င်ဘာလ( ၈) ရက် နံနက်(၆)နာရီ အချိန်မှ စတင်ကျင်းပရာ ရွာသစ်မြို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ မဲရုံများတွင် ပြည်သူများ အေးချမ်းစွာ လာရောက်မဲပေး လျက်ရှိသည်။

တိုင်းရင်းသားပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံ၀န်ထမ်းများ၊ လုံခြုံရေး၀န်ထမ်း များ၊ ကျန်းမာရေးဌာနမှ သက်ဆိုင်ရာ ၀န်ထမ်းများ၊ ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များက မိမိတို့ တာ၀န်အသီးသီးကို ထမ်းဆောင်လျက် ပြည်သူများ ဆန္ဒမဲပေးမှုကို ကူညီ ဆောင်ရွက်လျက်ရှိသည်။

ရွာသစ်မြို့အတွင်းရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုတွင် မဲရုံပေါင်း(၇)ရုံထားရှိကာ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူ(၁၉၂၁)ဦးခန့်တို့က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်၍ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက် ရှိကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)