ပန်းတောင်း မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု“ပန်းရံ”သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးဟန်မြင့်ထွန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦးကသင်တန်း ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် “ပန်းရံ” သင်တန်းသို့တက်ရောက်ကျမည့် မြို့နယ်အတွင်းရှိ သင်တန်းသား (၂၀) ဦးတို့က တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို မေလ (၆) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၂၀) ရက်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)