မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ အေးချမ်းပျော်ရွှင်စာ ရေကစားနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ ၁    

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့တွင် ဗဟိုမဏ္ဍပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ်သို့သွားရောက်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စာ ရေကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည်  တိုင်းဒေကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးသီးချင်းများ၊ DJ Music များဖြင့်  ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှု အားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပသည့် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ် (၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံ ဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ(၁၉)ဖွဲက ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ DJ Music များ ဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ကို ဆောင်ရွက်လျက်ရှိကာ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို  လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ်စတုဒိသာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါနငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွား များကို ကန်တော့ခြင်းနှင့် မြိုပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီ အစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)