မော်လိုက် ဧပြီ ၁၆
မော်လိုက်မြို့၌ မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ်၊၂၀၂၄ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဗိုလ်ချူပ်ကျောက်တိုင်ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များနှင့်သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ဗဟိုမဏ္ဍပ်တွင် အဆိုအကများဖြင့်ကပြဖျော်ဖြေရေကစားခဲ့ကြရာ သင်္ကြန်ချစ်သူများက ပျော်ရွှင်စွာအတူရေကစားခဲ့ကြသည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့ (၇)ဖွဲ့တို့က သင်္ကြန်တေးသီချင်းများဖြင့် ကပြယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ယိမ်းအဖွဲ့များကို ငွေသားဆုနှင့် ဆုဖလားများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များကို ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် ရဲမှူးခင်မောင်ကျော်တို့က “မှန်းတောင်ရိပ်ခို”သီချင်းဖြင့် သီဆိုကာ ယိမ်းအဖွဲ့များက ပြိုင်တူကပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က နှစ်သစ်ကူးဆုတောင်းခြွေစကားပြောကြပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)